သင့်ကိုယ်ပိုင်ဖုန်းဖြင့်လည်းဓားစာခံဖြစ်သွားနိုင် ~ ပအိုဝ်း IT လူငယ်များ

ပအိုဝ်း IT လူငယ်များ

Thursday, February 5, 2015

သင့်ကိုယ်ပိုင်ဖုန်းဖြင့်လည်းဓားစာခံဖြစ်သွားနိုင်







သင်ဟာ သင်ကိုယ်ပိုင်ဖုန်း အသုံးပြုနေလျှက်နဲ့ပဲ ဓားစာခံဖြစ်သွားနိုင်ပါတယ်။ ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ သင့်ကို ဥပဒေနဲ့ ညှိစွန်းအောင် လုပ်မှာပါ။ သီချင်းတစ်ပုဒ် အသစ်ထွက်လို့ link တစ်ခုကို နှိပ်ကြည့်မိတာမျိုးကနေ အစပြုတာပါပဲ။ တစ်ခါက အမေရိကန်၊ Tennessee ပြည်နယ်က အသက်၁၂နှစ် အရွယ်ရှိ မိန်းကလေးတစ်ယောက်ဟာ သီချင်း link တစ်ခုကို နှိပ်မိရာကနေ သီချင်းပွင့်လာရမယ့်အစား အနှောင့်အယှက် ဆော့ဖ်ဝဲလ် တစ်ခုပွင့်လာပြီး ကလေးငယ်ညစ်ညမ်း ဗီဒီယိုတွေကို download လုပ်ပါတော့တယ်။ ဖုန်းဟာလည်း lock ကျသွားပြီး ဒေါ်လာ ၅၀၀ မပေးဘူးဆိုရင် FBI ကို သတင်းပို့တိုင်တန်းမယ်လို့ အကျပ်ကိုင်ပါတော့တယ်။ ဒါပေမဲ့ သူမကတော့ သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါတယ်။

ဒါကို Ransomware (အကျပ်ကိုင်ညွှန်ကြားချက်ပါ ဆော့ဖ်ဝဲလ်) လို့ခေါ်ပါတယ်။ သင်ပိုက်ဆံမပေးရင် သင့်ဒေတာတွေကို ဖျက်တဲ့ မူကွဲတွေလဲရှိပါတယ်။ ဒီ ransomeware တွေဟာ ဒေါ်လာ ၁၀၀ ကနေ ၆၀၀ အတွင်းတောင်းခံပြီး ရက်တစ်ရာအတွင်း ကန်ဒေါ်လာ သန်း ၃၀ နီးပါးရှာနေနိုင်ပါတယ်။ ဖုန်းအသုံးပြုသူ သန်း ၆၀မှာ ၄သန်းလောက်က ဒီအကျပ်ကိုင်မှုမျိုးကို ခံရတယ်လို့ သိရပါတယ်။ ဒါကြောင့် App ဒေါင်းမယ်ဆိုရင် Google Play Store နဲ့ Apple App Store ကလွဲရင် ဘယ်ဟာမှ စိတ်မချရပါဘူး။

Ref:CNet
Trend Myanmar


ပအိုဝ်း IT လူငယ်များဘလော့မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်

နှစ်သစ် ၂၀၁၅ မှ မိတ်ဆွေသူငယ်ချင်းများ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကျန်းမာနိုင်ကြပါစေလို့


ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ.....:)  :)

khunmyowai(ရွှေညောင်)

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံး စံနှုန်းများအဆင့်မှီသော မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

0 comments:

Post a Comment

 

Copyright @ 2014-2015 ပအိုဝ်း IT လူငယ်များ.

Designed by Templateism | Edited By Khun Htetz Naing | PaOh IT Youth